ဦးနေဆန်းလွင် (ပူးတွဲဥက္ကဌ) အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) နှင့် တွေ့ဆုံခြင်း

ဦးနေဆန်းလွင် (ပူးတွဲဥက္ကဌ) အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) နှင့် တွေ့ဆုံခြင်း

The Justice Wave | ၂၀၂၄ သြဂုတ်လ (၄)​ ရက်

“ရွာကထွက်သွားဖို့ လုပ်နေတဲ့ကြတဲ့အချိန် တစ်ချို့ဆို သုံးဘီးတက်ခ်စီ ပေါ်တောင် ရောက်နေပြီ၊ အဲဒီအချိန်မှာ အားလုံးကို ပစ်သ-တ်ခဲ့တာပါ။ နို့စို့ကလေး၊ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ မသန်စွမ်း အားလုံးကို ပစ်သ-တ်ခဲ့တာပါ။”

ဦးနေဆန်းလွင် (ပူးတွဲဥက္ကဌ)
အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)

ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာ(ရိုဟင်ဂျာအခေါ်ဟိုယာစီးရီး)မှာရှိတဲ့ရိုဟင်ဂျာ၆၀၀ကျော်ကိုအာရက္ခတပ်တော်(AA)ကအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ဓာတ်ပုံတွေထွက်ပေါ်လာခဲ့တယ်လို့အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) အခုလထဲမှာပဲ ထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူ ၆၀၀ ကျော်ထဲမှာ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနဲ့ပါတ်သတ်ပြီးလက်ရှိအချိန်အထိသိရှိထားရတဲ့အခြေအနေတွေဒီကိစ္စနဲ့ပါတ်သတ်ပြီးရိုဟင်ဂျာအဖွဲ့အစည်းတွေဖက်ကတုန့်ပြန်မှုတွေအာရက္ခတပ်တော်(AA)ဖက်ကတုန့်ပြန်မှုအခြေအနေတွေကို ဦးနေဆန်းလွင် (ပူးတွဲဥက္ကဌ) အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ(ANRC)နဲ့ The Justice Wave သတင်းဌာနမှဆက်သွယ်မေးမြန်းခဲ့ပါတယ်။

Q-ထန်းလျောက်ခံရွာဖြစ်စဥ်နဲ့ပါတ်သတ်ပြီး အကိုတို့ဘယ်လိုစသိခဲ့ရတာလဲခင်ဗျာ။

A – ထန်းရှောက်ခံကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့ကပါ။ အဲဒီတုန်းက ဘူးသီးတောင်မြို့နယ်မှာ ဖုန်းနက်ဝပ် လုံးဝမရှိဘူး။ ဒါပေမယ့် ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူတွေက သတင်းကို အပြင်ရောက်အောင် နည်းလမ်းမျိုးစုံနဲ့ ပို့ပေးခဲ့တယ်။ ကျွန်တော်တို့က ဖြစ်ပြီး နှစ်ရက်လောက်မှာ သတင်းရတယ်။ အဲဒီကတည်းက အသေးစိတ် အချက်အလက်တွေကို စုံစမ်းနေခဲ့တာပါ။

Q-ပြီးတော့ဒီထန်းလျောက်ခံကျေးရွာရဲ့အခြေအနေလေးတချက်ပြောပြပေးပါအုံး

A-အဲဒီကျေးရွာက အတွင်းငှက်သေကျေးရွာအုပ်စုထဲက ကျေးရွာငယ်လေးတစ်ခုပါ။ အိမ်တွေကို Google Earth ကနေ သေချာမြင်ရတယ်။ အဲဒီရွာနဲ့ ကပ်လျက် နောက်ထပ် ရွာငယ်လေးတစ်ရွာရှိတယ်။ ရွာကလူတွေကတော့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ကြတဲ့ သူတွေပါ။ အခုတော့ တစ်ရွာလုံးနီးပါး ကုန်သွားပါပြီ။ ကျန်တဲ့လူတွေက မိသားစုအချို့က မိသားစုဝင် အချို့ပါ။ ဒါလည်း လက်ချိုး ရေတွက်လို့ရတယ်။

Q-လူပေါင်း ၆၀၀ လောက်သတ်ဖြတ်ခံထားရတယ်ဆိုပြီး အကိုတို့သိထားရတယ်ဆိုတော့ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ပြောလို့ရတယ်ပေါ့နော် အဲ့ဒါနဲ့ပါတ်သတ်ပြီးအကိုတို့ဖက်က AA ဖက်ကို အကြောင်း ကြားထားတာမျိုးရှိလဲ

A-လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ လူရာချီ၊ ထောင်ချီ၊ သောင်းချီ သတ်ဖြတ်တာမျိုး မဟုတ်ဘဲ၊ လူအုပ်စုတစ်စုကို ပစ်မှတ်ထားပြီး နည်းလမ်းမျိုးစုံနဲ့ ဖျက်ဆီးပစ်တာမျိုးပါ။ အဲဒီမှာ သတ်ဖြတ်တဲ့ အပိုင်းလည်း ပါဝင်ပါတယ်။ အာရ်ကန် သို့မဟုတ် ရခိုင်ပြည်နယ်မှာ လူမျိုးစုတွေရှိတဲ့ထဲမှာ ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကို ပစ်မှတ်ထား သတ်ဖြတ်၊ ကန့်သတ်ချုပ်ချယ် ဖိနှိပ်တာဆိုတော့ လူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုက ၁၉၇၀ နှစ်များကတည်းက။ အစိုးရအဆက်ဆက် ကျူးလွန်လာတာ၊ အခု AA က နယ်မြေစိုးမိုးထားတော့ သူတို့ ဆက်လက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဤနေရာတွင် ဆက်လက်ဖတ်ပါ – လင့်ခ်

Leave a Reply

Your email address will not be published. Required fields are marked *