ရိုဟင်ဂျာတွေဖြစ်တည်မှုအပေါ် အသိအမှတ်ပြုရေး ကြိုးပမ်းမယ်လို့ ARNC ဆို

ရိုဟင်ဂျာတွေဖြစ်တည်မှုအပေါ် အသိအမှတ်ပြုရေး ကြိုးပမ်းမယ်လို့ ARNC ဆို

Myanmar Pressphoto Agency | ၂၀၂၅ ဇူလိုင်လ (၁၅)​ ရက်

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးတွေ ပပျောက်ရေးနဲ့ လူမျိုးတုံးသတ်ဖြတ်နေမှုတွေကို တုံ့ပြန်တိုက်ဖျက်သွားမယ့်အပြင် ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုအပေါ် အသိအမှတ်ပြုရေးကြိုးပမ်းမှာဖြစ်တယ်လို့ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီက ပြောပါတယ်။ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီကို ဇူလိုင် ၁၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဆယ်စုနှစ်များစွာ ချန်လှပ်ဖယ်ထုတ်ခံရတာ၊ ညှင်းပန်းနှိပ်စက်ခံရတာနဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ဖြစ်တည်မှု အထောက်အထားတွေ ဖျောက်ဖျက်ဖို့ ကြိုးပမ်းတာ စတာတွေကို တုံ့ပြန်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ ပူးတွဲဥက္ကဌ ဦးနေဆန်းလွင် အခုလို ပြောပါတယ်။

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်

ပါခွီး | မဇ္ဈိမ | ၂၀၂၄ ဇူလိုင်လ (၁၅)​ ရက်

(မဇ္ဈိမ) ။ ။ အာရ်ကန်ပြည်တွင် ရိုဟင်ဂျာလူမျိုးများသည် ဌာနေတိုင်းရင်းသားဖြစ်မှု ၊ မြန်မာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရမှုကို ပြန်လည်ရယူရန်နှင့် ကာကွယ်ရန်အတွက် အာရ်ကန် ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဆယ်စုနှစ်များစွာ စနစ်တကျဖယ်ထုတ်ချန်လှပ်ခံရခြင်း ၊ ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် ရိုဟင်ဂျာ လူမျိုးတို့၏ဖြစ်တည်မှု အထောက်အထားများ ဖျောက်ဖျက်ကြိုးပမ်းခြင်းများအား တုံ့ပြန်ရန် ရည်ရွယ်သည်ဟုဆိုသည်။

မြန်မာစစ်အာဏာပိုင်များဦးဆောင်ကာ ၂၀၁၇ခုနှစ် တွင် လူမျိုးတုံးသတ်ဖြတ်မှုထိရောက်ရှိခဲ့ပြီး ယခုအချိန်တွင်လည်း အာရ်ကန်ဒေသ အများစုကို ထိန်းချုပ်ထားသော ရက္ခိုင့်တပ်တော်(AA) က ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထား၍ ပစ္စည်းဥစ္စာဖျက်ဆီးခြင်း ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအပါအဝင် နေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများအကြောင့် ရွှေ့ပြောင်းနေရခြင်းတို့ ဆက်လက်ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။

အာရက္ခတပ်တော်အောက်ရောက်ရှိပြီးနောက် ရိုဟင်ဂျာလူမျိုး ၂,၅၀၀ကျော် သတ်ဖြတ်ခံရပြီး ၁၅၀,၀၀၀ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရကာ ထောင်ချီသောလူများသည် ပင်လယ်နှင့် နယ်စပ်များဖြတ်ကျော်ကာ ထွက်ပြေးနေကြရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဤနေရာတွင် ဆက်လက်ဖတ်ပါ – လင့်ခ်

ကမ္ဘာလုံးဆိုင်ရာ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် ပါဝင်သွားမည်

ကမ္ဘာလုံးဆိုင်ရာ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် ပါဝင်သွားမည်

ရန်ကုန်ခေတ်သစ် | ၂၀၂၅ ဇူလိုင်လ (၁၅) ရက်

ရန်ကုန်၊ ဇူလိုင် ၁၅

ကမ္ဘာလုံးဆိုင်ရာ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ(ARNC) ကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် ပါဝင်သွားမည်ဖြစ်ကြောင်း အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီက တရားဝင် ထုတ်ပြန်ကြေညာသည်။

အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီတွင် ဗဟိုအလုပ်အမှုဆောင် ၄၀ ဦး၊ ဗဟိုကော်မတီဝင် ၆၀ ဦးပါဝင်ပြီး နိုင်ငံတကာမှ ရိုဟင်ဂျာ ခေါင်းဆောင်များ၊ ရိုဟင်ဂျာအုပ်စု ကိုယ်စားလှယ်များ ပါဝင်ကြောင်း၊ ရည်မှန်းချက်အနေဖြင့် ၆ ချက်ပါဝင်ကြောင်း သိရှိရသည်။

ARNC ၏ ရည်မှန်းချက် ၆ ခုတွင် ရိုဟင်ဂျာ တစ်မျိုးသားလုံး၏ နိုင်ငံရေးအသံကို စည်းလုံးညီညွတ်စွာ ကိုယ်စားပြု ဖော်ထုတ်ရန်၊ ရိုဟင်ဂျာတို့၏ အာရ်ကန်ပြည်တွင် ဌာနတိုင်းရင်းသားဖြစ်မှု၊ မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံရမှုတို့ကို ပြန်လည် ရယူရန်နှင့် ကာကွယ်ရန်၊ ရိုဟင်ဂျာဒုက္ခသည်များသည် ဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ လုံခြုံမှု အာမခံချက်နှင့် နိုင်ငံတကာစောင့်ကြည့်မှုအောက်တွင် ၎င်းတို့၏ ဘိးဘွားပိုင်မြေသို့ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ ဖြင့် အမြန်ဆုံး ပြန်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် တို့ပါဝင်သည်။

ဤနေရာတွင် ဆက်လက်ဖတ်ပါ – လင့်ခ်