စစ်ခေါင်းဆောင်ကို ဝရမ်းထုတ် အရေးယူနိုင်မယ့် အချက်အလက်တွေ ထပ်ထွက်လာ

စစ်ခေါင်းဆောင်ကို ဝရမ်းထုတ် အရေးယူနိုင်မယ့် အချက်အလက်တွေ ထပ်ထွက်လာ

ဧရာဝတီ | သြဂုတ်လ (၁၃) ရက်

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ တရားရုံးတွေနဲ့ ရာဇဝတ်ခုံရုံးတွေကနေ တရားဝင် ဖမ်းဝရမ်းထုတ်နိုင်ရေးနဲ့ အရေးယူနိုင်ရေးအတွက် သက်သေအထောက်အထားတွေနဲ့ စိစစ်တွေ့ရှိချက်တွေကို ရရှိထားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဆိုပါတယ်။

IIMM ရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ပတ်သက်ပြီး အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ ပူးတွဲဥက္ကဌ ဦးနေဆန်းလွင်က ဧရာဝတီသတင်းဌာနကို မှတ်ချက်ပေးခဲ့ပါတယ်။

ဒီရုပ်သံတင်းမှာ နားဆင်နိုင်ပါပြီ။

ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်မှုမရှိခဲ့ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်မှုမရှိခဲ့ကြောင်း AA ငြင်းဆို

ဧရာဝတီ | ၂၀၂၅ သြဂုတ်လ (၁၁) ရက်

AA က ထန်းရှောက်ခံကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမဟုတ်ဘူးလို့ ငြင်းလိုက်တယ်။ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီရဲ့ ပူးတွဲဥက္ကဌ ဦးနေဆန်းလွင်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနကို မှတ်ချက်ပေးထားပါတယ်။

ဒီရုပ်သံသတင်းမှာ နားဆင်နိုင်ပါပြီ။

ရိုဟင်ဂျာများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု မရှိခဲ့ဟု AA ငြင်းဆို

ရိုဟင်ဂျာများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု မရှိခဲ့ဟု AA ငြင်းဆို

Myanmar Pressphoto Agency | August 11, 2025

“ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို AAက ဘယ်လိုမှ ဝန်ခံမှာ မဟုတ်ဘူးဆိုတာ ကျတော်တို့ သိတယ်။ အဲ့ဒီဖြစ်စဉ်ကနေ ဒဏ်ရာများစွာနဲ့ အသက်ရှင်လျက် လွတ်မြောက်လာသူ ရှိတယ်။ အစုလိုက်အပြုံလိုက် ပစ်သတ်နေတဲ့အချိန်မှာ ကြည့်နေခဲ့တဲ့ လူရှိတယ်။ သတ်ဖြတ်ပြီး အလောင်းတွေ စုပုံထားတဲ့ နေရာကို ဓါတ်ပုံရိုက်လာသူရှိတယ်။ သက်သေအထောက်အထားတွေက ပြည့်ပြည့်စုံစုံရှိပါတယ်။ အခုငြင်းဆိုနေပေမဲ့ တချိန်ကျရင် တာဝန်ယူမှု တာဝန်ခံမှု ရှိကို ရှိလာရလိမ့်မယ်။ မတရားသတ်ဖြတ်ခံရသူတွေအတွက်လည်း တရားမျှတမှုရလိမ့်မယ်လို့ ကျတော်တို့ ယုံကြည်တယ်”ဟု အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ ပူးတွဲ ဥက္ကဌ ဦးနေဆန်းလွင်က MPAကို ပြောသည်။

ဤနေရာတွင် ဆက်လက်ဖတ်ပါ – လင့်ခ်

ဦးနေဆန်းလွင် (ပူးတွဲဥက္ကဌ) အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) နှင့် တွေ့ဆုံခြင်း

ဦးနေဆန်းလွင် (ပူးတွဲဥက္ကဌ) အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) နှင့် တွေ့ဆုံခြင်း

The Justice Wave | ၂၀၂၄ သြဂုတ်လ (၄)​ ရက်

“ရွာကထွက်သွားဖို့ လုပ်နေတဲ့ကြတဲ့အချိန် တစ်ချို့ဆို သုံးဘီးတက်ခ်စီ ပေါ်တောင် ရောက်နေပြီ၊ အဲဒီအချိန်မှာ အားလုံးကို ပစ်သ-တ်ခဲ့တာပါ။ နို့စို့ကလေး၊ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ မသန်စွမ်း အားလုံးကို ပစ်သ-တ်ခဲ့တာပါ။”

ဦးနေဆန်းလွင် (ပူးတွဲဥက္ကဌ)
အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)

ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာ(ရိုဟင်ဂျာအခေါ်ဟိုယာစီးရီး)မှာရှိတဲ့ရိုဟင်ဂျာ၆၀၀ကျော်ကိုအာရက္ခတပ်တော်(AA)ကအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ဓာတ်ပုံတွေထွက်ပေါ်လာခဲ့တယ်လို့အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) အခုလထဲမှာပဲ ထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူ ၆၀၀ ကျော်ထဲမှာ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနဲ့ပါတ်သတ်ပြီးလက်ရှိအချိန်အထိသိရှိထားရတဲ့အခြေအနေတွေဒီကိစ္စနဲ့ပါတ်သတ်ပြီးရိုဟင်ဂျာအဖွဲ့အစည်းတွေဖက်ကတုန့်ပြန်မှုတွေအာရက္ခတပ်တော်(AA)ဖက်ကတုန့်ပြန်မှုအခြေအနေတွေကို ဦးနေဆန်းလွင် (ပူးတွဲဥက္ကဌ) အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ(ANRC)နဲ့ The Justice Wave သတင်းဌာနမှဆက်သွယ်မေးမြန်းခဲ့ပါတယ်။

Q-ထန်းလျောက်ခံရွာဖြစ်စဥ်နဲ့ပါတ်သတ်ပြီး အကိုတို့ဘယ်လိုစသိခဲ့ရတာလဲခင်ဗျာ။

A – ထန်းရှောက်ခံကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့ကပါ။ အဲဒီတုန်းက ဘူးသီးတောင်မြို့နယ်မှာ ဖုန်းနက်ဝပ် လုံးဝမရှိဘူး။ ဒါပေမယ့် ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူတွေက သတင်းကို အပြင်ရောက်အောင် နည်းလမ်းမျိုးစုံနဲ့ ပို့ပေးခဲ့တယ်။ ကျွန်တော်တို့က ဖြစ်ပြီး နှစ်ရက်လောက်မှာ သတင်းရတယ်။ အဲဒီကတည်းက အသေးစိတ် အချက်အလက်တွေကို စုံစမ်းနေခဲ့တာပါ။

Q-ပြီးတော့ဒီထန်းလျောက်ခံကျေးရွာရဲ့အခြေအနေလေးတချက်ပြောပြပေးပါအုံး

A-အဲဒီကျေးရွာက အတွင်းငှက်သေကျေးရွာအုပ်စုထဲက ကျေးရွာငယ်လေးတစ်ခုပါ။ အိမ်တွေကို Google Earth ကနေ သေချာမြင်ရတယ်။ အဲဒီရွာနဲ့ ကပ်လျက် နောက်ထပ် ရွာငယ်လေးတစ်ရွာရှိတယ်။ ရွာကလူတွေကတော့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ကြတဲ့ သူတွေပါ။ အခုတော့ တစ်ရွာလုံးနီးပါး ကုန်သွားပါပြီ။ ကျန်တဲ့လူတွေက မိသားစုအချို့က မိသားစုဝင် အချို့ပါ။ ဒါလည်း လက်ချိုး ရေတွက်လို့ရတယ်။

Q-လူပေါင်း ၆၀၀ လောက်သတ်ဖြတ်ခံထားရတယ်ဆိုပြီး အကိုတို့သိထားရတယ်ဆိုတော့ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ပြောလို့ရတယ်ပေါ့နော် အဲ့ဒါနဲ့ပါတ်သတ်ပြီးအကိုတို့ဖက်က AA ဖက်ကို အကြောင်း ကြားထားတာမျိုးရှိလဲ

A-လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ လူရာချီ၊ ထောင်ချီ၊ သောင်းချီ သတ်ဖြတ်တာမျိုး မဟုတ်ဘဲ၊ လူအုပ်စုတစ်စုကို ပစ်မှတ်ထားပြီး နည်းလမ်းမျိုးစုံနဲ့ ဖျက်ဆီးပစ်တာမျိုးပါ။ အဲဒီမှာ သတ်ဖြတ်တဲ့ အပိုင်းလည်း ပါဝင်ပါတယ်။ အာရ်ကန် သို့မဟုတ် ရခိုင်ပြည်နယ်မှာ လူမျိုးစုတွေရှိတဲ့ထဲမှာ ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကို ပစ်မှတ်ထား သတ်ဖြတ်၊ ကန့်သတ်ချုပ်ချယ် ဖိနှိပ်တာဆိုတော့ လူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုက ၁၉၇၀ နှစ်များကတည်းက။ အစိုးရအဆက်ဆက် ကျူးလွန်လာတာ၊ အခု AA က နယ်မြေစိုးမိုးထားတော့ သူတို့ ဆက်လက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဤနေရာတွင် ဆက်လက်ဖတ်ပါ – လင့်ခ်

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ ARNC ဘာလဲ ဘယ်လဲ – ပူးတွဲဥက္ကဌ ဦးနေဆန်းလွင်နဲ့ မေးမြန်းခန်း

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ ARNC ဘာလဲ ဘယ်လဲ – ပူးတွဲဥက္ကဌ ဦးနေဆန်းလွင်နဲ့ မေးမြန်းခန်း

Thet Htwe Naing – Freelance Journalist | ၂၀၂၅ ဇူလိုင်လ (၁၈) ရက်

တမျိုးသားလုံးရဲ့ နိုင်ငံရေး အသံထုတ်ဖို့’’
လူမျိုးတုန်းသတ်ဖြတ်မှု ဆက်ပြီးဖြစ်နေတာ…’’
‘’ဒါတွေကို ကျွန်တော်တို့ မပြောဘူးဆိုရင် နောက်ပြောမယ့်သူ ရှိမှာမဟုတ်ဘူး…
‘’တနိုင်ငံလုံး လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ဘယ်လို ပူးပေါင်း အားဖြည့်ပေးနိုင်မလဲ…’’

ဦးနေဆန်းလွင် (ARNC ပူးတွဲဥက္ကဌ)
—————————
နိုင်ငံတကာ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာပြည်တွင်းက ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူ/ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း အများစု နဲ့ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ ARNC ကို ဖွဲ့စည်း ကြောင်း ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုအလုပ်အမှုဆောင် CEC ၄၀ နဲ့ ဗဟိုကော်မတီဝင် CC ၆၀ နဲ့ ဖွဲ့စည်းထားတဲ့ ARNC အနေနဲ့ မြန်မာနိုင်ငံ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပူးပေါင်း ပါဝင်မယ်လို့ ဆိုထားပါတယ်။

ဒီတော့ ARNC ဆိုတာ ဘယ်လို အဖွဲ့အစည်းလဲ…
တိုင်းရင်းသားတွေရဲ့ ကြားကာလ ကောင်စီ လို အဖွဲ့လား…
ဘာတွေ ဆောင်ရွက်မှာလဲ… လက်နက်ကိုင်တပ်ဖွဲ့ ရှိလာမလား…
လက်ရှိ ဘူးသီးတောင် မောင်တော အခြေအနေ နဲ့
ရိုဟင်ဂျာ ၁ သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ် ထွက်ပြေးခဲ့တာ ဟုတ်လား…
ရိုဟင်ဂျာတွေ ဆက်လက်ပြီး လူမျိုးတုန်း အခြေအနေ ဆက်ဆံခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်…

စတာတွေ အပေါ် ARNC ပူးတွဲဥက္ကဌ ဦးနေဆန်းလွင်နဲ့ မေးမြန်းထားပါတယ်။