Myanmar Pressphoto Agency | August 11, 2025
“ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို AAက ဘယ်လိုမှ ဝန်ခံမှာ မဟုတ်ဘူးဆိုတာ ကျတော်တို့ သိတယ်။ အဲ့ဒီဖြစ်စဉ်ကနေ ဒဏ်ရာများစွာနဲ့ အသက်ရှင်လျက် လွတ်မြောက်လာသူ ရှိတယ်။ အစုလိုက်အပြုံလိုက် ပစ်သတ်နေတဲ့အချိန်မှာ ကြည့်နေခဲ့တဲ့ လူရှိတယ်။ သတ်ဖြတ်ပြီး အလောင်းတွေ စုပုံထားတဲ့ နေရာကို ဓါတ်ပုံရိုက်လာသူရှိတယ်။ သက်သေအထောက်အထားတွေက ပြည့်ပြည့်စုံစုံရှိပါတယ်။ အခုငြင်းဆိုနေပေမဲ့ တချိန်ကျရင် တာဝန်ယူမှု တာဝန်ခံမှု ရှိကို ရှိလာရလိမ့်မယ်။ မတရားသတ်ဖြတ်ခံရသူတွေအတွက်လည်း တရားမျှတမှုရလိမ့်မယ်လို့ ကျတော်တို့ ယုံကြည်တယ်”ဟု အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ ပူးတွဲ ဥက္ကဌ ဦးနေဆန်းလွင်က MPAကို ပြောသည်။
ဤနေရာတွင် ဆက်လက်ဖတ်ပါ – လင့်ခ်